facebook မှာ ရေးလို့မရသောစာ
Unicode
facebook မှာ ရေးလို့မရသောစာ
~~~~~~~~~~~~
အမျိုးသားရေးလှုပ်ရှားသူတွေကို သတိပြုမိစေချင်တဲ့ သဘောနဲ့ စာရေးသူဟာ သဘောမှန်တစ်ခုကို သုံးသပ်ရေးသားလိုက်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ Post ကို ဖျက်ချခံလိုက်ရပါတယ်။
ရေးရခြင်းအကြောင်းကတော့ ၂၀၁၇ခုနှစ် ကြေးသွန်သပိတ်မှာ ပါဝင်ခဲ့တယ်ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ထပ်မံ ဖမ်းဆီးခံလိုက်ရတဲ့ ရဲသွေးနဲ့ ဆက်စပ်လို့ ရေးသားတင်ပြခြင်းပါ။
ဒါကြောင့် ဘလော့ပေါ်ကနေ ရေးသားအသိပေးပါရစေဗျာ။
2016 ခုနှစ် ဒီအစိုးရတက်လာပြီး လူမျိုးလိမ်ပြဿနာဖန်တီးမှုအပေါ် အာရုံစိုက်ကြည့်နေကြတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေဟာ အမေရိကန်သံရုံးက လူမျိုးလိမ်သုံးစွဲ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အစိုးရသစ်က ဘယ်လိုများ တုန့်ပြန်မလဲ စောင့်ကြည့်နေကြပြီး ဘယ်လိုမှ မတုန့်ပြန်တဲ့အတွက် အမေရိကန်သံရုံးရှေ့မှာ ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့ကြတယ်။
ဦးပါမောက္ခပါ သံဃာ(၃)ပါးနှင့် ကိုလတ်၊ ကိုရန်ကုန်၊ ကိုသက်၊ စာရေးသူအပါအဝင် လူ(၄)ဦးကို ငြိမ်းစုစီအပြင် ၅၀၅(ခ) ပုဒ်မပါ တပ်ပြီး ထောင်ထဲထည့်တယ်။
တချိန်တည်းမှာပဲ ခိုးဝင်ဘင်္ဂလီဖော်ထုတ်တဲ့ကိစ္စ ကိုတင်ထွဋ်ဇော်၊ ကိုတင်လင်းထိုက်၊ ကိုကြီးကောင်၊ မြတ်ဘုန်းမိုရ်တို့ကို ၅၀၅(ဂ) ထောင်ထဲထည့်တယ်။
အဲဒီလိုဖမ်းဆီးထားစဉ်မှာ ကြေးသွန်းဘုရားကြီးနဲ့ မန္တလေးမှာ အစိုးရဆန့်ကျင်ရေးသပိတ် ပေါ်ပေါက်တယ်။
မန္တလေးကဆရာတော်တွေ အကြမ်းဖက်ခံခဲ့ရပြီး
ရန်ကုန်မှာလည်း ဆရာတော်ဦးပညာဝံသ အပါအဝင် လူပုဂ္ဂိုလ်တချို့ ဖမ်းဆီး ထောင်ချခံခဲ့ရပြီးပြီ။ အခု ဖမ်းဆီးခံရတဲ့ ရဲသွေး အပါအဝင်။
ကြားကာလမှာ တရားမဝင် ဗလီ ဖော်ထုတ်မှုနဲ့ ကိုသီဟ၊ မိုက်ကယ်ကျော်မြင့်တို့ ၅၀၅(ခ)နဲ့ ဖမ်းဆီးခံခဲ့ရတယ်။
ကိုကြီးကောင်ဆိုရင် ဒုတိယအကြိမ်မြောက် ဖမ်းဆီးထောင်ချခံထားရတဲ့ အခြေအနေပါ။
ကျွန်တော် အကြံပြုချင်တာက လူတွေအသိအမှတ်ပြုမှ အမျိုးသားရေးမဟုတ်ပါဘူး။ မိမိတို့အလေးထားတဲ့ အမျိုးသားရေးအပေါ် ဖိနှိပ်နေသူကို မိမိတို့ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အလုပ်တွေ လုပ်ပြီး ဆန့်ကျင်နေရမယ်။
ဥပဒေဘောင်ထဲက၊ စည်းထဲကနေ လုပ်မရတော့တာ ပေါ်လွင်နေပြီပဲ။
ဒါကြောင့် လျှို့ဝှက်လုပ်ဆောင်ကြဖို့ အကြံပြုချင်တာပါ။
လျှို့ဝှက်လုပ်ဆောင်ခြင်းက ဘယ်လောက်ထိ အောင်မြင်နိုင်လဲဆိုရင်
စိတ်ထဲရှိတာကိုလုပ်
လုပ်ရဲဖို့လိုတယ်။
ပိရိဖို့ လိုတယ်။
လျှို့ဝှက်လုပ်ဆောင်နည်းတွေကို လေ့လာကြ စဉ်းစားဆုံးဖြတ်ပြီး အသုံးပြုကြဖို့ပါ။
--------------
zawgyi
facebook မွာ ေရးလို႔မရေသာစာ
~~~~~~~~~~~~
အမ်ိဳးသားေရးလႈပ္ရွားသူေတြကို သတိျပဳမိေစခ်င္တဲ့ သေဘာနဲ႔ စာေရးသူဟာ သေဘာမွန္တစ္ခုကို သုံးသပ္ေရးသားလိုက္ပါတယ္။ စကၠန႔္ပိုင္းအတြင္းမွာပဲ Post ကို ဖ်က္ခ်ခံလိုက္ရပါတယ္။
ေရးရျခင္းအေၾကာင္းကေတာ့ ၂၀၁၇ခုႏွစ္ ေၾကးသြန္သပိတ္မွာ ပါဝင္ခဲ့တယ္ဆိုၿပီး ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)နဲ႔ ထပ္မံ ဖမ္းဆီးခံလိုက္ရတဲ့ ရဲေသြးနဲ႔ ဆက္စပ္လို႔ ေရးသားတင္ျပျခင္းပါ။
ဒါေၾကာင့္ ဘေလာ့ေပၚကေန ေရးသားအသိေပးပါရေစဗ်ာ။
2016 ခုႏွစ္ ဒီအစိုးရတက္လာၿပီး လူမ်ိဳးလိမ္ျပႆနာဖန္တီးမႈအေပၚ အာ႐ုံစိုက္ၾကည့္ေနၾကတဲ့ အမ်ိဳးသားေရးလႈပ္ရွားသူေတြဟာ အေမရိကန္သံ႐ုံးက လူမ်ိဳးလိမ္သုံးစြဲ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ အစိုးရသစ္က ဘယ္လိုမ်ား တုန႔္ျပန္မလဲ ေစာင့္ၾကည့္ေနၾကၿပီး ဘယ္လိုမွ မတုန႔္ျပန္တဲ့အတြက္ အေမရိကန္သံ႐ုံးေရွ႕မွာ ဆႏၵေဖာ္ထုတ္ ကန႔္ကြက္ခဲ့ၾကတယ္။
ဦးပါေမာကၡပါ သံဃာ(၃)ပါးႏွင့္ ကိုလတ္၊ ကိုရန္ကုန္၊ ကိုသက္၊ စာေရးသူအပါအဝင္ လူ(၄)ဦးကို ၿငိမ္းစုစီအျပင္ ၅၀၅(ခ) ပုဒ္မပါ တပ္ၿပီး ေထာင္ထဲထည့္တယ္။
တခ်ိန္တည္းမွာပဲ ခိုးဝင္ဘဂၤလီေဖာ္ထုတ္တဲ့ကိစၥ ကိုတင္ထြဋ္ေဇာ္၊ ကိုတင္လင္းထိုက္၊ ကိုႀကီးေကာင္၊ ျမတ္ဘုန္းမိုရ္တို႔ကို ၅၀၅(ဂ) ေထာင္ထဲထည့္တယ္။
အဲဒီလိုဖမ္းဆီးထားစဥ္မွာ ေၾကးသြန္းဘုရားႀကီးနဲ႔ မႏၲေလးမွာ အစိုးရဆန႔္က်င္ေရးသပိတ္ ေပၚေပါက္တယ္။
မႏၲေလးကဆရာေတာ္ေတြ အၾကမ္းဖက္ခံခဲ့ရၿပီး
ရန္ကုန္မွာလည္း ဆရာေတာ္ဦးပညာဝံသ အပါအဝင္ လူပုဂၢိဳလ္တခ်ိဳ႕ ဖမ္းဆီး ေထာင္ခ်ခံခဲ့ရၿပီးၿပီ။ အခု ဖမ္းဆီးခံရတဲ့ ရဲေသြး အပါအဝင္။
ၾကားကာလမွာ တရားမဝင္ ဗလီ ေဖာ္ထုတ္မႈနဲ႔ ကိုသီဟ၊ မိုက္ကယ္ေက်ာ္ျမင့္တို႔ ၅၀၅(ခ)နဲ႔ ဖမ္းဆီးခံခဲ့ရတယ္။
ကိုႀကီးေကာင္ဆိုရင္ ဒုတိယအႀကိမ္ေျမာက္ ဖမ္းဆီးေထာင္ခ်ခံထားရတဲ့ အေျခအေနပါ။
ကြၽန္ေတာ္ အႀကံျပဳခ်င္တာက လူေတြအသိအမွတ္ျပဳမွ အမ်ိဳးသားေရးမဟုတ္ပါဘူး။ မိမိတို႔အေလးထားတဲ့ အမ်ိဳးသားေရးအေပၚ ဖိႏွိပ္ေနသူကို မိမိတို႔ ေဆာင္႐ြက္ႏိုင္စြမ္းရွိတဲ့ အလုပ္ေတြ လုပ္ၿပီး ဆန႔္က်င္ေနရမယ္။
ဥပေဒေဘာင္ထဲက၊ စည္းထဲကေန လုပ္မရေတာ့တာ ေပၚလြင္ေနၿပီပဲ။
ဒါေၾကာင့္ လွ်ိဳ႕ဝွက္လုပ္ေဆာင္ၾကဖို႔ အႀကံျပဳခ်င္တာပါ။
လွ်ိဳ႕ဝွက္လုပ္ေဆာင္ျခင္းက ဘယ္ေလာက္ထိ ေအာင္ျမင္ႏိုင္လဲဆိုရင္
စိတ္ထဲရွိတာကိုလုပ္
လုပ္ရဲဖို႔လိုတယ္။
ပိရိဖို႔ လိုတယ္။
လွ်ိဳ႕ဝွက္လုပ္ေဆာင္နည္းေတြကို ေလ့လာၾက စဥ္းစားဆုံးျဖတ္ၿပီး အသုံးျပဳၾကဖို႔ပါ။
facebook တြင္ ေရး၍မရေသာစာ
ေရေဘးသင့္ ျပည္သူမ်ားအတြက္ မဘသ ၏ ေဆာင္႐ြက္ခ်က္
မြန္၊ ကရင္၊ ပဲခူးေဒသမွ ေရေဘးသင့္ျပည္သူမ်ားအတြက္ ေထာက္ပံ့လႉဒါန္းႏိုင္ရန္အတြက္ ႏိုင္ငံေတာ္ျသဝါဒါစရိယ၊ ေရႊတိဂံုေစတီေတာ္ျသဝါဒါစရိယ၊ အင္းစိန္ရြာပရိယတၱိစာသင္တိုက္မ်ား၏ဦးစီးပဓာန နာယက၊ အမ်ိဳး ဘာသာ သာသနာ ေစာင့္ေ႐ွာက္ေရးအဖြဲ႔(ဗဟို) ဥကၠ႒ဆရာေတာ္ ဘဒၵႏၲတိေလာကာဘိဝံသမွ အလႉေတာ္ေငြ (၁၀)သိန္းက်ပ္၊
ဦးေအာင္လြင္+ေဒၚျဖဴ ျဖဴ ေအး မိသားစု ၾသစေတးလ်မွ အလႉေတာ္ေငြ(၃)သိန္းက်ပ္ အသီးသီးလႉဒါန္းေပးခဲ့ၾကပါသည္။
ေရေဘးသင့္ျပည္သူမ်ားအတြက္ လႉဒါန္းလိုပါက
ေဒါက္တာေသာပါက- ၀၉၇၉၉၉၃၇၈၅၇၊ ၀၉၄၂၁၀၆၇၀၀၇
ျမနန္းဆရာေတာ္-၀၉၂၅၅၇၁၉၉၆၉သို႔
ဆက္သြယ္လႉဒါန္းႏိုင္ပါေၾကာင္း သတင္းေကာင္းပါအပ္ပါသည္....။
29-7-2018
6:42pm
အသိေပးနိႈးေဆာ္ တိုက္တြန္းျခင္း
ျမန္မာႏိုင္ငံေဒသအခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚလွ်က္ရွိသည္ကို ၾကားသိေနရပါသည္။
ယခုအခ်ိန္အခါသည္လည္း သံဃာေတာ္မ်ား ဝါဆိုဝါကပ္ရမည့္အခ်ိန္အခါကာလ ျဖစ္ေနသည့္အတြက္ ကူညီေရးလုပ္ငန္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ကူညီႏိုင္ရန္ အဆင္သင့္မျဖစ္ခဲ့ၾကပါ။ သို႕ေသာ္လည္း အခ်ိဳ႕ေဒသဆိုင္ရာ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္းအဖြဲ႕မ်ား ႏွင့္ တပ္မေတာ္သားမ်ား၊ ပရဟိတအသင္းအဖြဲ႔မ်ားက မိမိတို႔နီးစပ္ရာတြင္ ကူညီေပးေနၾကသည္ကိုေတြ႕ရွိရသည့္အတြက္လည္း မ်ားစြာဂုဏ္ယူေက်နပ္မိပါသည္။
ေရးေဘးကူညီေစာင့္ေရွာက္ရန္ လိုအပ္လွ်က္ရိွေသာေဒသမ်ားသို႕ မၾကာမီ သြားေရာက္ကူညီေပးရန္ အမ်ိဳးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႕ (ဗဟို) ဥကၠ႒ အင္းစိန္ရြာမဆရာေတာ္ႀကီးက ညႊန္ၾကားထားၿပီးလည္း ျဖစ္ပါသည္။ သို႕အတြက္ေၾကာင့္ သက္ဆိုင္ရာ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္းအဖြဲ႕မ်ားအေနျဖင့္ ဝါဆိုဝါကပ္ၿပီးေနာက္ပိုင္းမ်ားတြင္ ေရေဘးသင့္ ျပည္သူမ်ားအား အတူတကြပူးေပါင္းကူညီေစာင့္ေရွာက္ႏိုင္ပါေစေၾကာင္း ႀကိဳတင္အသိေပး အေၾကာင္းၾကားအပ္ပါသည္။
ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း(ဗဟို)
၂၇.၇.၂ဝ၁၈
ဒုတိယဝါဆိုလျပည့္ေန႕
ျပည္သူႏွင့္အတူ ကူညီေဆာင္ရြက္ေပးေနေသာ ရဟန္းသံဃာမ်ားႏွင့္ တပ္မေတာ္သားမ်ား
သဘာဝေဘးအႏၱရာယ္ေၾကာင့္ ဒုကၡေရာက္ေနေသာ ျပည္သူမ်ားအား မိမိအသက္နဲ႔ရင္း ကာကြယ္ေပးေနၾကပါေသာ ရဟန္းရွင္လူမ်ားႏွင့္ ျမန္မာ့တပ္မေတာ္သားမ်ား၊ ျမန္မာ့မီးသတ္တပ္ဖြဲ႔ဝင္မ်ားႏွင့္ ပရဟိတအဖြဲ႔မ်ားအား ေလးစားဂုဏ္ယူေနပါတယ္ရွင္
#ေဒၚစိမ္းမို႔မို႔
29.7.2018(Sun)
လမ္းေရေက်ာ္မႈမ်ား ျဖစ္ေပၚလ်က္ရွိသည့္ ရန္ကုန္- စစ္ေတြကားလမ္း၌ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေမာ္ေတာ္ယာဥ္ လမ္းေၾကာင္း ျပသမႈမ်ားႏွင့္ သယ္ယူပို႔ေဆာင္မႈမ်ား ေဆာင္ရြက္
နယ္ေျမခံ တပ္မေတာ္သားမ်ားက ေမာ္ေတာ္ယာဥ္ လမ္းေၾကာင္း ျပသမႈမ်ားႏွင့္ သယ္ယူပို႔ေဆာင္မႈမ်ား ေဆာင္ရြက္
ေနျပည္ေတာ္ ဇူလုိင္ ၂၆
ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ အမ္းၿမိဳ႕နယ္၊ ကံ့ေကာ္ၿမိဳင္ေက်းရြာအနီးရွိ ရန္ကုန္-စစ္ေတြကားလမ္း မုိင္တုိင္အမွတ္၊ ၁၈ မုိင္တြင္ ေရ အနက္ ၆ ေပႏွင့္ ေရျပင္အက်ယ္ေပ ၁၅ဝဝခန္႔ လမ္းေရေက်ာ္မႈျဖစ္ေပၚလ်က္ရွိရာ နယ္ ေျမခံ တပ္မေတာ္ သားမ်ားက ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာႏုိင္ရန္အတြက္ လမ္းေၾကာင္းျပသေပးျခင္း၊ ခရီးသည္ႏွင့္ ကုန္ပစၥည္း မ်ားအား ဖုိက္ဘာေလွမ်ားျဖင့္ သယ္ယူပို႔ေဆာင္ေပးျခင္းႏွင့္ လိုအပ္သည့္ ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပး လ်က္ရွိေၾကာင္း သတင္းရရွိသည္။
(Unicode Version)
လမ်းရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ရန်ကုန်- စစ်တွေကားလမ်း၌
နယ်မြေခံ တပ်မတော်သားများက မော်တော်ယာဉ် လမ်းကြောင်း ပြသမှုများနှင့် သယ်ယူပို့ဆောင်မှုများ ဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဇူလိုင် ၂၂ ရက်မှ ယနေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-စစ်တွေကားလမ်း အနိမ့် ပိုင်းနေရာများ၌ လမ်းရေကျော်မှုများကြောင့်ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာရေးအခက်အခဲများဖြစ်ပေါ်လျက် ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်နှင့် မင်းပြားတပ်နယ် တို့မှ နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ရေကြီးရေလျှံမှုများကြောင့် အမ်းမြို့နယ်၊ ကံ့ကော်မြိုင်ကျေးရွာအနီးရှိ ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ်၊ ၁၈ မိုင်တွင် ရေ အနက် ၆ ပေနှင့် ရေပြင်အကျယ်ပေ ၁၅ဝဝခန့် လမ်းရေကျော်မှုဖြစ်ပေါ်လျက်ရှိရာ နယ် မြေခံ တပ်မတော် သားများက မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန်အတွက် လမ်းကြောင်းပြသပေးခြင်း၊ ခရီးသည်နှင့် ကုန်ပစ္စည်း များအား ဖိုက်ဘာလှေများဖြင့် သယ်ယူပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။













































