Posted by : Unknown Saturday, July 28, 2018

လမ္းေရေက်ာ္မႈမ်ား ျဖစ္ေပၚလ်က္ရွိသည့္ ရန္ကုန္- စစ္ေတြကားလမ္း၌
နယ္ေျမခံ တပ္မေတာ္သားမ်ားက ေမာ္ေတာ္ယာဥ္ လမ္းေၾကာင္း ျပသမႈမ်ားႏွင့္ သယ္ယူပို႔ေဆာင္မႈမ်ား ေဆာင္ရြက္
ေနျပည္ေတာ္ ဇူလုိင္ ၂၆





ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္အတြင္း ဇူလိုင္ ၂၂ ရက္မွ ယေန႔အထိ မိုးသည္းထန္စြာရြာသြန္းၿပီး ရန္ကုန္-စစ္ေတြကားလမ္း အနိမ့္ ပိုင္းေနရာမ်ား၌ လမ္းေရေက်ာ္မႈမ်ားေၾကာင့္ခရီးသြားျပည္သူမ်ားႏွင့္ ေဒသခံျပည္သူမ်ား သြားလာေရးအခက္အခဲမ်ားျဖစ္ေပၚလ်က္ ရွိရာ အေနာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၊ အမ္းတပ္နယ္ႏွင့္ မင္းျပားတပ္နယ္ တို႔မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက လိုအပ္သည့္ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေပး လ်က္ရွိသည္။
ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ အမ္းၿမိဳ႕နယ္၊ ကံ့ေကာ္ၿမိဳင္ေက်းရြာအနီးရွိ ရန္ကုန္-စစ္ေတြကားလမ္း မုိင္တုိင္အမွတ္၊ ၁၈ မုိင္တြင္ ေရ အနက္ ၆ ေပႏွင့္ ေရျပင္အက်ယ္ေပ ၁၅ဝဝခန္႔ လမ္းေရေက်ာ္မႈျဖစ္ေပၚလ်က္ရွိရာ နယ္ ေျမခံ တပ္မေတာ္ သားမ်ားက ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာႏုိင္ရန္အတြက္ လမ္းေၾကာင္းျပသေပးျခင္း၊ ခရီးသည္ႏွင့္ ကုန္ပစၥည္း မ်ားအား ဖုိက္ဘာေလွမ်ားျဖင့္ သယ္ယူပို႔ေဆာင္ေပးျခင္းႏွင့္ လိုအပ္သည့္ ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပး လ်က္ရွိေၾကာင္း သတင္းရရွိသည္။
(Unicode Version)
လမ်းရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ရန်ကုန်- စစ်တွေကားလမ်း၌
နယ်မြေခံ တပ်မတော်သားများက မော်တော်ယာဉ် လမ်းကြောင်း ပြသမှုများနှင့် သယ်ယူပို့ဆောင်မှုများ ဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဇူလိုင် ၂၂ ရက်မှ ယနေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-စစ်တွေကားလမ်း အနိမ့် ပိုင်းနေရာများ၌ လမ်းရေကျော်မှုများကြောင့်ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာရေးအခက်အခဲများဖြစ်ပေါ်လျက် ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်နှင့် မင်းပြားတပ်နယ် တို့မှ နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ရေကြီးရေလျှံမှုများကြောင့် အမ်းမြို့နယ်၊ ကံ့ကော်မြိုင်ကျေးရွာအနီးရှိ ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ်၊ ၁၈ မိုင်တွင် ရေ အနက် ၆ ပေနှင့် ရေပြင်အကျယ်ပေ ၁၅ဝဝခန့် လမ်းရေကျော်မှုဖြစ်ပေါ်လျက်ရှိရာ နယ် မြေခံ တပ်မတော် သားများက မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန်အတွက် လမ်းကြောင်းပြသပေးခြင်း၊ ခရီးသည်နှင့် ကုန်ပစ္စည်း များအား ဖိုက်ဘာလှေများဖြင့် သယ်ယူပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Subscribe to Posts | Subscribe to Comments

Wikipedia

Search results


Blogger templates

- Copyright © Naung Taw Lay -Metrominimalist- Powered by Blogger - Designed by Johanes Djogan -