- Back to Home »
- ထောင်မေတ္တာ »
- ထောင်မေတ္တာ အခန်း (၃)
Posted by : Unknown
Saturday, July 28, 2018
ထောင်မေတ္တာ
အခန်း (၃)
ထောင်ကျရခြင်းအကြောင်း (၂)
********************************
အကြောင်းရှိမှ အကျိုးဖြစ်သလို အကြောင်းကြောင့် အကျိုး ၊ အကျိုးကြောင့် အကြောင်း ဆိုတာက လည်း သံသရာလည်သလိုပါပဲ။ ထောင်ကျရခြင်း အကြောင်း(၁)ပြီးတော့ (၂)ကို ဆက်ပြောရမယ်ဆိုရင် ကမာ ရွတ်မြို့နယ်ထဲမှာ ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်ပါ။ ပြဿနာကို အစစွဲသူကတော့ အမေရိကန်သံအမတ် စကော့မာစီရယ်ပါ။ စစ်တွေမြို့နယ်၊ သဲချောင်း ကျေးရွာအနီးမှာ ဘင်္ဂလီတွေ စက်လှေမှောက်လို့ သေဆုံးကြတယ်။ ဘင်္ဂလီသေတာ ဘင်္ဂလီသေတယ်လို့ ရေး ပေါ့ဗျာ။ ဘယ်ဟုတ်လိမ့်မတုန်း။ မြန်မာပြည်မှာ ပြဿနာတစ်ခုမဟုတ် တစ်ခုတက်နေမှ အိပ်ပျော်စားဝင်တဲ့ သတ္တ၀ါတွေဟာ ဘင်္ဂလီသေတာကို ရိုဟင်ဂျာပါလို့ လုပ်ပြန်ရောဗျ။ ကရုဏာရှင်ကြီးများက `ရိုဟင်ဂျာ လူမှု အသိုင်းအ၀ိုင်းအတွက် များစွာ ၀မ်းနည်းကြေကွဲရတယ်” ဆိုပဲ။ အရိုးခံစိတ်နဲ့ ပြောရရင် အာဏာမရခင်ကတည်းက အမျိုးသားရေးကို မျက်မုန်းကျိုးနေတဲ့ နိုင်ငံရေး အစွန်းရောက်များရဲ့သဘောကို သိထားပြီး ဖြစ်ပါတယ်။ အာဏာရလာပြီဖြစ်လို့ အမျိုးသားရေးလှုပ်ရှားမှုကို နှိပ်ကွပ်လိမ့်မယ်ဆိုတာလည်း ရင်းနှီးတဲ့ ဆရာတော်တွေကို ကြိုပြောပြထားပြီးသားပါ။
အမေရိကန်သံရုံးရဲ့ လူမျိုးလိမ်ဖန်တီးသုံးစွဲမှုနဲ့ ပတ်သက်လို့လည်း အစိုးရသစ်ကြီးက ဘာများမိန့်ကြား မလဲလို့ စောင့်ကြည့်နေပါသေးတယ်။ တစ်ပတ်လောက်အထိ အစိုးရသစ်ကြီးက တုဏှိဘာဝေ စိတ်စိတ်နေတဲ့ အတွက် ကျွန်တော်တို့တွေ ဆန္ဒပြကန့်ကွက်တဲ့အလုပ်ကို လုပ်ခဲ့ကြတာပါ။ ငြိမ်းစုစီတင်တော့တောင် စာရေးသူရန်ကုန်မှာမရှိပါဘူး။ မဂ္ဂဇင်းထိုင်ဖို့အတွက် ဆရာဦးအောင်မြိုင်နဲ့ လားရှိုးရောက်နေ တာပါ။ ရန်ကုန်မှာ ရှိတဲ့သူတွေ သွားတင်ကြတယ်။ ဥပဒေက မိမိတို့ဆန္ဒဖော်ထုတ်လိုတဲ့နေရာကို တင်ပြရမယ် လို့ ဆိုထားတယ်။ ဥပဒေက ဆိုထားတဲ့အတိုင်း တသဝေ မတိမ်း လုပ်တာပဲဗျ။ အဲဒီမှာ မြို့နယ်မှူးတွေ ထွေအုပ် တွေက သံရုံးရှေ့ ဆန္ဒမပြဖို့ ညှိနှိုင်းတာတွေ ဆွေးနွေးတာတွေ လုပ်လာသတဲ့။ အမျိုးသားရေးလှုပ်ရှားသူတွေ ဟာ ဘာပဲ လုပ်လုပ် တည်ဆဲဥပဒေကို အလေးထားပြီး ဥပဒေဘောင်အတွင်းက လုပ်တယ်။ နိုင်ငံရေးအစွန်း ရောက်တွေသာ ဥပဒေကို ဖီလာဆန့်ကျင်ပြီး သူတို့စိတ်သဘောရှိ လုပ်ကြတာ။ ဥပဒေတစ်ရပ် ပြင်ဖို့ လိုတယ်ဆိုရင် ပြင်ဖို့ပြောမယ်။ မပြင်ပေးနိုင်ဘူးဆိုရင် အဲဒီဥပဒေဘောင်ထဲကပဲ အလုပ်လုပ်ရမယ်။ ဒါဟာ နည်းမှန် လမ်းမှန်ပဲ။ ငြိမ်းစုစီဥပဒေမှာ သံရုံးရှေ့ဆန္ဒမပြရဆိုတဲ့ အချက်မပါတာတော့ အသေအချာပဲဗျ။ အဲဒီမှာ ခွင့်ပြုချက်တင်ထားတာက တက္ကသိုလ်ရိပ်သာလမ်းအတိုင်း တက္ကသိုလ်ရှေ့မှ အမေရိကန် သံရုံးရှေ့အထိ။ သူတို့ခွင့်ပြုချက်က ဗိုလ်စိန်မှန်ကွင်းတဲ့။ အဲဒါမျိုး ဖိနှိပ်လာရင်တော့ ဆန့်ကျင်ရတော့တာပဲဗျ။ ကျွန်တော်တို့တွေက ဦးဆောင်တင်ပြထားသူတွေ မူလတင်ထားတဲ့အတိုင်း လုပ်တယ်။ ရဲနဲ့ထွေအုပ်က တားတယ်။ ဆန္ဒဖော်ထုတ်ကန့်ကွက်ပွဲပြီးတဲ့အခါကြတော့ ဆရာတော်သုံးပါးနဲ့ လူပုဂ္ဂိုလ်လေးဦးကို တရားစွဲ တယ်။ ဒီလုပ်ရပ်ကလည်း မမှန်ပြန်ဘူးဗျ။ ဦးဆောင်တင်ပြသူကို တရားစွဲမှာဆိုလည်း ဦးဆောင်သူတစ်ယောက် ပဲ စွဲရမယ်။ ဆန္ဒပြတဲ့သူအားလုံးကို တရားစွဲမှာ ဆိုရင်လည်း အဲဒီနေ့က လူ(၃၅၀) ခန့် ရှိတယ်။ အားလုံးကို ထောင်ကျစေချင်လို့ မဟုတ်ဘူး။ သူတို့လုပ်ရပ်အမှားကို ထောက်ပြချင်တာပါ။ သူတို့တရားစွဲပုံက မျက်မုန်းကျိုး တဲ့သူတွေကို ရွေးစွဲသလို ဖြစ်နေတယ်။ အဲဒါကို တရားခွင်မှာလည်း မေးဖြစ်ပါတယ်။ တရားလိုနဲ့ လိုပြ သက်သေ ဆိုတဲ့ ရဲနဲ့ ထွေအုပ် ပါးစပ်က ထွက်လာတဲ့ စကားလုံးတိုင်းဟာ ဆင်ဝှေ့ရန်ရှောင် သူတို့အပြစ်လွတ် ကျွန်တော်တို့ ထောင်ကျ ပြောချင်ရာပြောကြတာ။ နောက်ပိုင်း မလိမ့်တပတ်တွေ ပြောလွန်းတော့ မေးရတဲ့ သူက ရှက်လာတယ်။ ကျမ်းကျိန်ပြီး လိမ်တယ်လို့ ပြောရင်လည်း ရိုင်းပြန်အုံးမယ်။ အမှုတွဲဖိုင်တွေလည်း ရှိပါတယ်။ အဲဒါတွေ ချရေးရင် မပြီးနိုင် မစီးနိုင်မို့လို့ မရေးတော့ပါဘူး။ ဗဟန်း စခန်းကလည်း ထိုနည်းတူစွာပဲဗျ။ ကိုဖိုးသားဦးဆောင်တင်တဲ့ ငြိမ်းစုစီ။ တရားစွဲတော့ ကိုဖိုးသား၊ ကိုလတ်၊ ကျွန်တော် သုံးယောက်။ အဲဒီတော့ သူတို့ရဲ့ တရားစွဲဆိုပုံ စွဲဆိုနည်းဟာ ဥပဒေနဲ့အညီ လို့ ပြောရမလား။ အမြင်ကပ်တယ်လူကို စွဲတယ်လို့ ပြောရင်ပိုမှန်မယ်ထင်ပါရဲ့။ ဗဟန်းရော ကမာရွတ်ရောက ငြိမ်းစုစီ ပုဒ်မ(၁၉) နဲ့တင် အားမရလို့ ၅၀၅(ခ)ကို အမှုတည်ဆောက်ပြီး ကိုင်ထားကြတာဗျ။ ငြိမ်းစုစီအမှုရင်ဆိုင်လို့ ခြောက်လကျော် ခုနှစ်လကြာမှ ၅၀၅(ခ)ကို ထုတ်သုံးပြီး ထောင်ထဲ စွဲထည့်လိုက်ကြတာပဲ။ ဒီနေရာမှာ ထည့်ပြောချင်တာက ဘာရာထူးအာဏာမှ မရှိတဲ့ ကျွန်တော်တို့လို လူတွေကို စွဲချင်သလို စွဲ။ တပ်ချင်တဲ့ ပုဒ်မတပ် ကျုပ်တို့ဟာ ခံပေးရမှာပါပဲ။ သို့ပေသော် သံဃာတော်များကို သံဃာ့နာယကရဲ့ ခွင့်ပြု ချက်မပါဘဲ အရပ်ဘက်တရားရုံးမှာ တရားစွဲဆိုခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး။ သံဃာတော်များကို အရပ်ဘက်တရားရုံးမှာ တရားစွဲဆိုနိုင်ငံတဲ့ ပြစ်မှုတွေကို ၀ိနိစ္ဆယလက်စွဲထဲကနေ ဆရာဦးအောင်မြိုင်က ထုတ် နှုတ်ပေးတယ်။ ဒီအမှုထဲကနေ ဆရာတော်များကို တရားရှင် လွှတ်ပေးဖို့ ဆရာတော်ဦးပါမောက္ခက တင်ပြတယ်။ တရားသူကြီး ဒေါ်သန္တာရှင်ရဲ့ အမိန့်က အမှုကို ဆက်လက်ရင်ဆိုင်စေလို့ ဆုံးဖြတ်ခဲ့တယ်။ ဆရာ တော် ဦးပါမောက္ခက အမှုတွဲကို ချေဖျက်ဖို့ ရှေ့နေနဲ့ မိတ္တူကူးခိုင်းလိုက်တော့ ကူးခွင့်မပေးဘူးး။ အဲဒါနဲ့ ကျွန်တော်သွားကူးတော့လည်း အကုန်လုံးကူးမရဘူး လုပ်ပြန်သေးတာ။ ဒေါ်သန္တာရှင်ဆိုတဲ့ တရားသူကြီး ဘယ်လောက် မလိမ့်တပတ် လုပ်သလဲ ဆိုတော့ သူကိုယ်တိုင် ထုတ်ပြတဲ့ မိတ္တူကူးဥပဒေမှာကို ပဲ အမှုနဲ့ သက်ဆိုင်သူ မည်သူမဆို ကူးခွင့်ရှိသည်ဆိုတဲ့ စာကို သူကိုယ်တိုင် ဖတ်ပြပြီးတာတောင် ဒါကို အင်တာနက် တင်တာတို့ ဘာတို့ လုပ်မှာဆိုးလို့ ကူးခွင့်မပေးတာပါလို့ လုပ်သေးတာ။ အဲဒါ ဥပဒေလား။ သူ့ ပါးစပ်က ထွက်တဲ့ဟာတိုင်းက ဥပဒေလို အာဏာတည်နေရောလား။
အဲဒီမှာ ကျွန်တော်မိတ္တူကူးတာကို စာရေး မကလည်း မိတ္တူခပေးတော့ အကြွေမရှိဘူးတဲ့။ ပေးခဲ့လိုက်တယ်လေ။ လိုင်းပေါ်မှာရေးတင်တော့ နောက်ရုံး ချိန်း အဲဒီတရားသူကြီးမက သူ့စာရေးမကိုခေါ်ပြီး ပြန်ပေးခိုင်းတယ်။ အဲဒီလို ပေးရတာကို မြင်လို့ မဟုတ်ဘူး။ သူတို့ဂွင်ထဲရောက်ရင် ယုတ်ကြလွန်းလို့ ဖွပေးခဲ့တာပါ။ အဲဒီမှာ ဆရာတော် ဦးပါမောက္ခနဲ့ ကျွန်တော်က အဲဒီအချိန်က ကမာရွတ်တရားသူကြီး ဒေါ်သန္တာရှင်ကို ဆန္ဒပြကြတယ်။ ဟော . . . နောက်တစ်ပတ်လည်းကြရော ၅၀၅(ခ) ထုတ်သုံးပါလေရော။ အဲဒီမှာ ဖြစ်ကြ ပြီပေါ့ဗျာ။ ကျွန်တော်နဲ့ ဦးပါမောက္ခကြောင့် အခုလိုဖြစ်ရတာပါလို့ ပြောတဲ့သူကလည်း ပြောပြီပေါ့ဗျာ။ အဲဒီ တရားသူကြီးမက တရားခံတွေအပေါ် လွှမ်းမိုးမှု ရှိတယ်ဗျ။ ပြုံးပြုံးလေးနဲ့ အပြောချိုတော့ ဒေါ်သန္တ္တာရှင် ကောင်တယ်ဆိုကြတာပဲ။ ပုဂ္ဂိုလ်ရေးအရ ကောင်းဖို့လည်း မလိုဘူး။ ဆိုးစရာလည်း အကြောင်းမရှိဘူးလေ။ ဥပဒေအရ စွပ်စွဲခံရတဲ့သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုကြတော့ မလိမ့်တပတ်လုပ်ပြီး ပေးမှ မပေးချင် ဘဲ။ အဲဒါကို ကောင်းတယ်လို့ ပြောရမှာလား။ ခပ်တည်တည်ပဲ စေတနာတွေ ဓလဟော ပုံစံမျိုးနဲ့ပေါ့ဗျာ . . . ၅၀၅(ခ) အတွက် အာမခံပေးမယ်လို့ တောင် မျှားခေါ်လိုက်သေးတာ။ ကမာရွတ်က အဲဒီလို ၅၀၅(ခ) ထုတ်သုံးတော့မှ ဗဟန်းတရားရုံးကလည်း သူတို့ကို ဘယ်အထိ ခံလိမ့်မလဲ။ ကမာရွတ်စွဲတင်ပြီဆိုတာနဲ့ သူတို့ကလည်း စွဲတင်တော့တာပဲ။
ပထမ စပြီး ၅၀၅(ခ)ကို စွဲချက်တင်တဲ့အပတ် အာမခံပေးမယ်လို့ မျှော်လင့်ချက်ပေးပြီး နောက်တစ်ပတ် တရားသူကြီး ချိန်း သွားတော့တာပါပဲဗျာ။ ဗဟန်းတရားသူကြီးးလည်း ထိုနည်းလည်းကောင်းပဲ။ ကျွန်တော်တို့ကို ၅၀၅(ခ)နဲ့ စတင်စစ်ဆေးမယ့် အချိန်မှာပဲ ပြောင်းပြစ်လိုက်ကြသတဲ့ဗျာ။ နောက်တစ်ပတ် ၁၂-၅-၂၀၁၇ ကမာရွတ်မြို့နယ် တရားသူကြီး အဖြစ် ရောက်လာသူက ဘီလူးရုပ်ဖမ်းပြီး ရှေ့တရားသူကြီးကလည်း သူ့အလုပ် သူလုပ်တာ။ သူအာမခံ ပေးမယ်လို့ ပြောတာ ကျွန်မနဲ့ မဆိုင်ဘူး ဆိုပြီး သကာလ ထောင်ထဲထည့်လိုက်တော့လေသတည်းပေါ့ဗျာ။ အမှုအကြောင်းအရာတွေ ဋီကာချဲ့ရေးရင် အများကြီးပါ။ စာရှုသူတို့ ပင်ပမ်းမှာ စိုးလို့ သဘောမျှကိုပဲ ရေးပြတာပါ။ ထောင်ထဲကအကြောင်းတွေကိုသာ အဓိက ရေးဖို့ ရည်ရွယ်ထားတာပါ။ သို့ပေသော် ထောင် ဆိုတဲ့ နေရာမျိုးက ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတဲ့ နေရာမျိုး မဟုတ်ကြောင်း သိစေချင်လို့ပါ။ ထောင်ကျခြင်းအကျိုး ဖြစ်လာစေဖို့ ထောင်ကျစရာအကြောင်းတွေ ဒီလို ဒီလို ရှိတယ်ဆိုတာ သိစေချင်ရုံမျှသာ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
