Posted by : Unknown Saturday, July 28, 2018

ထောင်​​မေတ္တာ
အခန်း (၄)
အင်းစိန်ထောင်သို့
********************
ကမာရွတ်တရားရုံးက တရားသူကြီး ဒေါ်သန္တာရှင်က အမှုစွဲတင်ပေးထားခဲ့ပြီး ပြောင်းရွှေ့သွားခဲ့ပါတယ်။ နောက်ရောက်လာတဲ့ တရားသူကြီး ဒေါ်စိုးစိုးမိုးက ကျွန်တော်တို့ကို ၁၂-၅-၂၀၁၇ ရက်နေ့ ရုံးချိန်းမှာ တစ်ခါ တည်း အင်းစိန်ထောင်ကို ပို့ပေးခဲ့ပါတယ်။ အင်းစိန်ထောင်ကို ရောက်ရခြင်း အကြောင်းရင်း နှစ်ခုကို ရေးခဲ့ပါတယ်။ ဗဟန်းမြို့နယ်အတွင်းမှာ ဆန္ဒ ဖော်ထုတ်တဲ့ ကိစ္စက အစိုးရကို ပြောတာဖြစ်လို့ ၅၀၅(ခ) နဲ့ တရားစွဲဆိုခြင်းဟာ ယုတ္တိရှိပါတယ်။ ကမာရွတ် မြို့နယ် အမေရိကန်သံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကိစ္စက အစိုးရကို ပြောဆိုတာမဟုတ်ဘဲ အမေရိကန် သံ အမတ်အနေနဲ့ မရှိတဲ့ လူမျိုးအမည်ကို အသုံးမပြုပါနဲ့လို့ ပြောတာ ၅၀၅(ခ) အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အဝေးကြီးပဲ။

ပုဒ်မ ၅၀၅ က ရာဇသတ်ကြီး ဥပဒေ အခန်း(၂၂) ရာဇ၀တ်မကင်းသောချေက်လှန့်မှု၊ စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှုများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိပါတယ်။ (၅၀၅) မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကော လဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင်-- `(ခ) နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှု ကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်း မဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်´ လို့ ဆိုထားပါတယ်။ တဆက်တည်းမှာပဲ ပုဒ်မ ၅၀၅ ကင်းလွတ်ချက် ဆိုတာလည်း ရှိပါတယ်။ ကင်းလွတ်ချက်မှာ ဘာတွေပါသလဲဆိုရင် `တဦးတယောက်သောသူ သည် ဖော်ပြချက်ကိုဖြစ်စေ၊ ကောလဟာလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန် ကြေညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင်၊ ဖော်ပြချက်သော်လည်းကောင်း၊ ထိုကောလဟာလသော် လည်းကောင်း၊ ထိုသတင်းသော်လည်းကောင်း မှန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသည့်အပြင် အထက်က ဆိုခဲ့သော အကြံမရှိဘဲပြုလျှင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေညာလျှင်၊ သို့တည်းမဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ ၏ အဓိပ္ပာယ်အရ ပြစ်မှုမမြောက်´လို့ အတိအလင်း ဆိုထားပါတယ်။

ဆိုခဲ့ရင် . . . ကျွန်တော်တို့ အမေရိကန်သံရုံး၊ အမေရိကန်သံအမတ်ကို ဆန္ဒပြခြင်းကိစ္စမှာ မရှိတဲ့ လူမျိုးကို မသုံးစွဲဖို့ ပြောချင်ဟာ အမှန်တရား မဟုတ်ပါလား။ ဒါကို ၅၀၅(ခ)နဲ့ ထောင်သွင်းအကျဉ်းချတယ်ဆို တော့ သူတို့ရဲ့( အစိုးရ တရားလို ရဲ၊ထွေအုပ်၊တရားရုံး) လုပ်ရပ်ဟာ ဥပဒေစိုးမိုးရေးခေါင်းစဉ်နဲ့သွေဖယ်ပြီး အထက်က အမိန့်ပေးတဲ့အတိုင်း လိုက်ပါလုပ်ဆောင်ရတာ ထင်ရှားနေပါတယ်။ အာဏာရှင်များက နိုင်ငံရေးသမားများအပေါ်မတော်မတရား လုပ်ချင်တဲ့အခါ အသုံးပြုပါတယ်ဆိုတဲ့ ပုဒ်မ ၅၀၅(ခ)ကို ဒီမိုကရေစီအစိုးရ (ပြည်သူ့အစိုးရ) ဆိုသူတွေက အသုံးချလာတော့လည်း မပြောသာပါဘူး ဗျာ။ သူတို့က အာဏာပိုင်ဖြစ်သွားပြီမဟုတ်လား။ တရားရုံးမှာ ထွက်ဆိုတော့မယ်ဆိုရင် တရားလို တရားပြိုင်(စွပ်စွဲခံရသူ) အားလုံး ကျမ်းကျိန်ရပါတယ်။ အဲဒီကျမ်းစာထဲမှာ မှန်မှန်ကန်ကန်ထွက်ဆိုရင်ရမယ့် ကောင်းကျိုးချမ်းသာတွေ၊ မမှန်မကန်ထွက်ဆိုခြင်း ကြောင့် ရမယ့် ဆိုကျိုးတွေ ပါပါတယ်။ ဆရာတော် ဦးပါမောက္ခကတော့ တရားခွင်မှာ ဥပဒေအရာရှိ ၊ တရားသူကြီးတွေ ပါ မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက်ပါ့မယ်လို့ ကျမ်းကျိန်သင့်ကြောင်း မိန့်ကြားပါတယ်။ သူတို့ဝတ်ဆင်ထား တဲ့ တိုက်ပုံအင်္ကျီအနက်၊ အပေါ်ဖုံးအင်္ကျီအနက်ဟာ သစ္စာတရားကို ကိုယ်စားပြုပါတယ်ဆိုပေမယ့် အမှုကိစ္စ အတော်များများမှာ ငွေများတရားနိုင်ဖြစ်နေခြင်းက မိမိတို့ကိုယ်တိုင် ကိုင်တွယ်အသုံးပြုနေတဲ့ ဥပဒေအပေါ်မှာ ဥပဒေအရာရှိဆိုသူများ၊ တရားသူကြီး ဆိုသူများက သစ္စာမဲ့ကြလို့သာပေါ့။

 ပြီးတော့ နိုင်ငံတော်တရားလိုလုပ်တဲ့ အမှုကိစ္စလိုဟာမျိုး ရဲတရားလို၊ ထွေအုပ်တရားလို လုပ်တဲ့ အမှုကိစ္စမျိုးမှာ ဌာနဆိုင်ရာ အချင်းချင်း၊ ရာထူးအာ ဏာရှိသူချင်းကိုပဲ မျက်နှာသာပေးတယ်။ အမှုတည်ဆောက်ပြီးရင် မှားမှား မှန်မှန် စွပ်စွဲခံရသူအပေါ် အပြစ် မရှိ တာကိုတောင် အပြစ်ဖြစ်အောင် ဖန်တီးထွက်ဆိုတတ်ကြတယ်။ တရားရုံးမှာ အသုံးပြုတဲ့ ကျမ်းထုပ်ကြီးက တကယ်သာ ထိရောက်မယ်ဆိုရင် တရားခွင်မှာ လိမ်လည် လှည့်ဖျား ထွက်ဆိုသူတွေ ရဲ့ ဘ၀ဟာ မတွေးရဲစရာပါပဲ။ စာရေးသူအနေနဲ့တော့ အဲဒီကျမ်းထုပ်ကြီးထက် ဆရာ တော် ဦးပါမောက္ခ ရုံးထွက်တွေမှာ မိန့်ကြားသွားတဲ့ ကျိန်စာတွေကို ပိုသဘောကျပါတယ်။ ကျိန်စာလို့ ပြော တော့ နားမခံသာဘူး။ ကျိန်စာဆိုတာ တစ်နည်းအားဖြင့်တော့ သစ္စာစကားပါ။ ဆရာတော်က အမေရိကန်သံရုံးရှေ့မှာ မိန့်ကြားခဲ့သော ဟောပြောချက်များသည် ၅၀၅(ခ)နဲ့ ငြိစွန်းပြီး နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် ဆရာတော်က လုပ်ခဲ့မိပါက ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေးသင့်ပြီး ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အ နားမကြား အကျိုးအကန်း ဖြစ်ရပါ စေ။ ဆရာတော်က မကျူးလွန်ပါဘဲ ဆရာတော့်အပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ) တပ်၍ တရားစွဲဆိုရန် အမိန့်ပေးစေခိုင်းသူ မမှန်မကန်ထွက်ဆိုသူ မတရားသော အမိန့်ချမည့်သူများလည်း ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေးသင့်ပါစေ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အ နားမကြား၊ အကျိုး အကန်း ဖြစ်ကြပါစေ လို့ ဆရာတော် မိန့်ကြားခြင်းဟာ သူတို့ကို တစ်ဖက်သတ်ပြောခြင်း မဟုတ်ဘူး။

ကျွန်တော်တို့ဘက်က မှားနေရင် ကျွန်တော်တို့ ခံရမှာပေါ့။ သူတို့ဘက်က မှားနေရင် သူတို့ခံရမှာပေါ့။ ကျိန်စာ က ထိရောက်တယ်လို့ ဆရာတော် ရုံးထွက်တွေမှာ ၀န်းရံသူတွေက ပြန်ပြောကြတယ်။ ဆရာတော် ဒီလိုမိန့်ကြားခြင်းဟာ ဥပဒေစိုးမိုးမှုမရှိ တစ်ဖက်သတ်ဆန်လွန်းတဲ့ တရားစီရင်ရေးမို့ အခုလို မိန့်ကြားခြင်းပဲ။ အမေရိကန်သံရုံးရှေ့မှာ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ဟောပြောချက်တွေကို စစ်ဆေး ကြည့်လို့ရတယ်။ အဲဒီအခမ်းအနားအတွက် ဆရာတော် ဦးဝီရသူ ပေးပို့တဲ့ သ၀ဏ်လွှာပါ သူခိုးအစိုးရ၊ ဖိုးတွမ်တီးအစိုးရ ဆိုတဲ့ စကားတစ်လုံးကို ထပ်ချည်းတလဲ အသုံးပြုပြီး စွပ်စွဲခံရသူတွေကို ထောင်ထဲရောက် အောင် ပို့လိုက်တာပါ။ အဲဒီသ၀ဏ်လွှာမှာ ဆရာတော်ဦးဝီရသူ ရည်ညွှန်းထားတာက ခိုးဝင်တွေ အသုံးပြုတဲ့ ဝေါဟာရကို အသုံးပြုတဲ့ အစိုးရ သူခိုးအစိုးရ၊ ဖိုးတွမ်တီးအစိုးရ လို့ ရည်ညွှန်းထားတာပါ။ အသုံးပြုတာက အမေရိကန်နိုင်ငံရဲ့ သံရုံး။ မျက်မုန်းကျိုးတော့လည်း ဒီဝေါဟာရကို လိုသလိုသုံးပြီး ပြစ်မှုမမြောက်တာကို မြောက်အောင်လုပ် အင်းစိန်ထောင်ပို့ခဲ့လေသတည်း။

 နောင်တော်လေး (ဘိုကလေး)

Leave a Reply

Subscribe to Posts | Subscribe to Comments

Wikipedia

Search results


Blogger templates

- Copyright © Naung Taw Lay -Metrominimalist- Powered by Blogger - Designed by Johanes Djogan -