Posted by : Unknown Saturday, July 28, 2018


 မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိသည်ကို ကြားသိနေရပါသည်။

ယခုအချိန်အခါသည်လည်း သံဃာတော်များ ဝါဆိုဝါကပ်ရမည့်အချိန်အခါကာလ ဖြစ်နေသည့်အတွက် ကူညီရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီနိုင်ရန် အဆင်သင့်မဖြစ်ခဲ့ကြပါ။ သို့သော်လည်း အချို့ဒေသဆိုင်ရာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့များ နှင့် တပ်မတော်သားများ၊ ပရဟိတအသင်းအဖွဲ့များက မိမိတို့နီးစပ်ရာတွင် ကူညီပေး​နေကြသည်ကိုတွေ့ရှိရသည့်အတွက်လည်း များစွာဂုဏ်ယူကျေနပ်မိပါသည်။

 ရေးဘေးကူညီစောင့်ရှောက်ရန်​ လိုအပ်လျှက်ရှိသောဒေသများသို့ မကြာမီ သွားရောက်ကူညီပေးရန် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ အင်းစိန်​ရွာမဆရာတော်ကြီးက ညွှန်ကြားထားပြီးလည်း ဖြစ်ပါသည်။ သို့အတွက်ကြောင့် သက်ဆိုင်ရာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့များအနေဖြင့် ဝါဆိုဝါကပ်ပြီးနောက်ပိုင်းများတွင် ရေဘေးသင့် ပြည်သူများအား အတူတကွပူးပေါင်းကူညီစောင့်ရှောက်နိုင်ပါစေကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)
၂၇.၇.၂ဝ၁၈
ဒုတိယဝါဆိုလပြည့်နေ့









Leave a Reply

Subscribe to Posts | Subscribe to Comments

Wikipedia

Search results


Blogger templates

- Copyright © Naung Taw Lay -Metrominimalist- Powered by Blogger - Designed by Johanes Djogan -