- Back to Home »
- ထောင်မေတ္တာ »
- ထောင်မေတ္တာ အခန်း(၂)
Posted by : Unknown
Saturday, July 28, 2018
ထောင်မေတ္တာ
အခန်း(၂)
ထောင်ကျရခြင်းအကြောင်း (၁)
******************************
ဒါတွေထားလိုက်ပါတော့ . . . ပြောမဆုံးပေါင် တောသုံးထောင် ဆိုတော့လည်း သစ္စာတရားကို ကိုယ်စားပြုပါတယ်ဆိုတဲ့ တိုက်ပုံအနက်၊ အပေါ်ဖုံးအင်္ကျီအနက်ကို ၀တ်ဆင်ထားကြသော ပုဂ္ဂိုလ်အချို့ အချို့ရဲ့ လုပ်ရပ်မှားတွေဟာ အပြစ်မဲ့ပြည်သူတွေကို အကျဉ်းထောင်ထဲ စွဲထည့်ထားတယ်ဆိုတာ နောက်ပိုင်း အခန်း တွေမှာ ပေါ်လွင်လာပါလိမ့်မယ်။ ကျွန်တော်တို့ အင်းစိန်ထောင်ကြီးထဲ ရောက်သွားရခြင်းက အကြောင်းအရာတစ်ခုတည်းပါ။ ဖြစ်စဉ် နှစ်ခုပါ။ အဲဒါကြောင့် ခွဲရေးတာပါ။ ဗဟန်းမြို့နယ်အတွင်းက ဖြစ်စဉ်ကို အရင်ပြောရမှာပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အစိုးရသစ်တက်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ရခိုင်ပြည်နယ်မှာ ခိုးဝင်ဘင်္ဂလီတွေက လုံခြုံရေးစခန်း တွေကို ၀င်စီးပြီး လက်နက်တွေ လုယူတဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဘင်္ဂလီတွေက အကြမ်းဖက်တယ်။ လုံခြုံ ရေး တပ်ဖွဲ့ဝင်တွေက ကာကွယ်တယ်။ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တဲ့အပေါ်မှာတော့ တပ်မတော် သားတွေကို ကျွန်တော်တို့အနေနဲ့ ထောက်ခံတယ်။ တပ်မတော်ထောက်ခံပွဲတွေ လုပ်ပြီး လိုက်ထောက်ခံတဲ့ အထဲတော့ တစ်ပွဲမှ မပါခဲ့ပါဘူး။ တခြားနေရာတွေမှာ တပ်မတော်က မှားတာတွေလည်း ရှိကောင်းရှိမယ်။ ရခိုင် အရေးနဲ့ ပတ်သက်လာရင်တော့ အကြမ်းဖက် ဘင်္ဂလီတွေရဲ့ အန္တရာယ်ကို ဦးဆောင်ကာကွယ်တဲ့ တပ်မတော် ကို ထောက်ခံပါတယ်။ ဘင်္ဂလီတွေက အကြမ်းဖက်ပြီး ပြဿနာရှာတယ်။ အဲဒီနောက်မှာ အိုအိုင်စီ (Organization of Islamic Corporation) အဖွဲ့ဝင် နိုင်ငံတွေက အော်ကြပြီ။ မြန်မာအစိုးရ ၊ မြန်မာတပ်မတော်က လူနည်းစု တွေအပေါ် အနိုင်ကျင့်နေပါတယ်ဆိုပြီး ကုလသမဂ္ဂမှာ အော်ကြတယ်။ ကုလသမဂ္ဂကနေ လွှတ်ထားတဲ့ မြန်မာ နိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ရန်ဟီးလီကလည်း ဘင်္ဂလီတွေအကြိုက် ၊ အိုအိုင်စီ နိုင်ငံ တွေအလိုကျ ပြဿနာတွေ ရှာတော့တာပဲဗျ။ ကျွန်တော်တို့တွေ အစောပိုင်းက ရန်ဟီးလီကို ဆန့်ကျင် ကန့်ကွက် တာတွေ လုပ်တော့ ဒီမိုကရေစီ အင်အားစုဘက်က နိုင်ငံရေးအစွန်းရောက်တွေက ကျွန်တော်တို့ကို လူမျိုးရေး အစွန်းရောက် ၊ ဘာသာရေးအစွန်းရောက် ဆိုတဲ့ ခေါင်းစဉ်တွေ တပ်ပြီး စော်ကားကြတာဗျ။
ဘင်္ဂလီအရေးကို နိုင်ငံတကာက ယုံကြည်လက်ခံအောင်ဆိုပြီး ကော်မရှင်တွေ အမျိုးမျိုးဖွဲ့၊ ကော်မတီ တွေ အမျိုးမျိုးဖွဲ့၊ အင်ဖော်မေးရှင်းကော်မတီဆိုတာလည်း ပါသေးတယ်။ အစိုးရကရှင်းလေ အနောက်မီဒီယာ တွေနဲ့ အိုအိုင်စီနိုင်ငံတွေက ရှုပ်အောင်လုပ်လေ။ ရန်ဟီးလီကလည်း တစ်ခေါက်တမျိုး မရိုးရလေအောင် ပြဿနာရှာတယ်။ ကျွန်တော်တို့ ထောင်ထဲရောက်သွားမှ ရန်ဟီးလီကို အစိုးရက ပြည်ဝင်ခွင့် ပိတ်တာတို့ ဘာတို့ လုပ်လာတော့ ထောင်ထဲကနေ ဟားတိုက်ပြီး ရယ်နေမိတယ်။ ကျောင်းမှန်းကန်မှန်း သိပြီလားပေါ့ဗျာ။ ဘင်္ဂလီကို ဘင်္ဂလီလို့ နားလည်ရင် ဘာမှ ပြဿနာမရှိဘူးဗျ။ ပြဿနာက ဘင်္ဂလီတွေက အေးအေး ဆေးဆေး မနေဘဲ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ အော်ပြီး တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေး လိုချင်နေ တာက ပြဿနာ။ ဒီအစိုးရလက်ထက်မှ မဟုတ်ဘူး။
ဒီမိုကရေစီစပါပြီဆိုကတည်းက ပြဿနာရှာလာကြတာပဲ။ ဒါကို ကျွန်တော်တို့ ပြည်သူအနေနဲ့က လူသားချင်း မစာနာလို့လည်း မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးမုန်းတီးစရာလည်း ဘာမှ မရှိဘူး။ အေးအေးဆေးဆေး မနေကြဘဲ အရိပ်နေနေ အခက်ချိုးချိုး လုပ်လာတော့ ရခိုင်တိုင်းရင်းသား ညီအစ်ကိုတွေနဲ့ ဆရာတော်သံဃာတော်တွေ ကျွန်တော်တို့တွေ လမ်းပေါ်ရောက်ခဲ့ကြတော့တာပဲ။ ဗဟန်းမြို့နယ်ထဲမှာ ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းကတော့ အစိုးရသစ် (ပြည်သူ့အစိုးရဆိုသူများ) လက်ထက်ပေါ့ဗျာ။ ကုလသမဂ္ဂ ဂျနီဗာအစည်းအဝေးကို လွှတ်လိုက်တဲ့ ပုဂ္ဂိုလ်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွှန်ကြားလိုက်တဲ့အတိုင်း အစည်းအဝေးမှာ ပြောခဲ့သတဲ့ဗျ။ အဲဒါက ဘာလဲ ဆိုတော့ မြန်မာတိုင်းရင်းသား တွေက ရိုဟင်ဂျာဆိုတာကို လက်မခံတဲ့အတွက် ဘင်္ဂလီတွေကို `ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်း အ၀ိုင်း´ လို့ သတ်မှတ်သတဲ့။ မြန်မာ့အလင်း ၊ ကြေးမုံ အစရှိတဲ့ နိုင်ငံတော်ပိုင် သတင်းစာမှာ၊ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The New Light of Myanmar သတင်းစာတွေမှာ ပြန်ကြားရေးဝန်ကြီးသစ်ကလည်း အစိုးရ သတ်မှတ်တဲ့အတိုင်း ရေးသားဖို့ ညွှန်ကြားချက် ထုတ်တယ်ဆိုဘဲ။ အဲဒီမှာ ရခိုင်လူငယ်များအဖွဲ့နဲ့ ကျွန်တော် တို့တွေ တိုင်ပင်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ကန့်ကွက်ပွဲကို ရခိုင်လူငယ်မှ ကိုဖိုးသားက ဦးဆောင်ပြီးတင်တယ်။ ဟောပြောသူထဲမှာ ကျွန်တော်လည်း ပါတယ်။ အခြားရခိုင်လူငယ်ထဲက ပုဂ္ဂိုလ်တွေလည်း ပါတယ်။
ဥပဒေနဲ့ အညီ တင်ပြထားတာက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီး ရှေ့ကနေ ကျိုက္ကဆံ ဟစ်တိုင် ကွင်းအထိပါ။ ထွေအုပ်နဲ့ ရဲက ခွင့်မပြုဘဲ ဗိုလ်စိန်မှန်ကွင်းမှာပဲ လုပ်ဖို့ခွင့်ပြုပေးခဲ့တယ်။ ကျွန်တော်တို့က တင်ပြလျှောက်ထားတဲ့အတိုင်း ကြေးသွန်းကနေ ဟစ်တိုင်အထိ ချီတက်ခဲ့ကြတယ်။ ငြိမ်းစုစီ ပုဒ်မ (၁၉) နဲ့ ကိုဖိုးသား၊ ကျွန်တော် ၊ ကိုလတ် တို့ (၃)ဦးကို တရားစွဲတယ်။ ထပ်ပြီးတော့ ဒီ(၃)ယောက်ကိုပဲ ၅၀၅(ခ) ပုဒ်မ တပ်ပြီး တရားစွဲပြန်တယ်။ အဲဒီဆန္ဒပြပွဲမှာ ဘင်္ဂလီကို ဘင်္ဂလီလို့သာ ခေါ်ဆိုသင့်ကြောင်း မွတ်စလင်ဆိုတာက လူမျိုးနာမည် မဟုတ်ဘဲ အစ္စလာမ်ဘာသာဝင်အားလုံးကို ကိုယ်စားပြုတဲ့နာမည်( မွတ်စလင် - ယုံကြည်နာခံသူ) ဖြစ်လို့ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမပြုသင့်ကြောင်း ပြောခဲ့ပါတယ်။ အခြားသူတွေကတော့ ပျော့ပျော့ပြောင်းပြောင်း ပြောကြတာပါ။ ကျွန်တော်ပြောတဲ့အထဲမှာ ပြင်းထန်တဲ့ စကားရပ်တချို့ ပါသွားပါတယ်။ ပုဒ်မ (၁၉)မှာ ကိုဖိုးသား အကြုံးးဝင်ပေမယ့် ဟောပြောချက်တွေအပေါ် စွဲဆိုတဲ့ ၅၀၅(ခ) နဲ့ ကိုဖိုးသား ဘယ်လိုမှ မပတ်သက်ကြောင်း တရားခွင်မှာ ပြောခဲ့ပါတယ်။ ကိုဖိုးသား ပုဒ်မ(၁၉) အတွက် တစ်လပဲ ကျပါတယ်။
ဒါပေမယ့် ၅၀၅(ခ)ကို ထောင်ထဲက ရင်ဆိုင် ဖြေရှင်းရတာဖြစ်လို့ ထောင်ထဲမှာ (၃)လလောက် နေသွားရပါတယ်။ ပုဒ်မ (၁၉)ကို ရဲက တရားလို လုပ်ပါတယ်။ ၅၀၅(ခ) ကို ထွေအုပ်က တရားလို လုပ်ပြီး စွဲဆိုပါတယ်။ တရားသူကြီးက အမိန့်ချတော့ ဆန္ဒပြ ပွဲမှာ အစိုးရအပေါ် ကျွန်တော်ရဲ့ ပြောဆိုချက်ကို ဆယ်ကြိမ်ထက်မနည်း ဖတ်ပြပြီး ထောင်ဒဏ်ချမှတ်ပေးခဲ့ ပါတယ်။ ကျွန်တော်တို့ကိုတော့ ဗဟန်းတရားရုံးက ငြိမ်းစုစီ ပုဒ်မ(၁၉)အတွက် (၁)လ ၊ ၅၀၅(ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုပြီး (၆)လ ပေါင်း (၇)လ ချလိုက်ပါတယ်။ ဒါက အင်းစိန်ထောင်ကြီးထဲ သွားရခြင်းရဲ့ အကြောင်းအရင်း(၁)ဖြစ်ပါတယ်။ အလားတူပဲ ကမာရွတ် တရားရုံးမှာ ရဲ နှင့် ထွေအုပ်က စွဲဆိုတဲ့အမှုကတော့ အကြောင်းအရင်း (၂) အဖြစ် ဆက်လက်တင်ပြ သွားပါမယ်။
နောင်တော်လေး (ဘိုကလေး)
